မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့၌ တပ်မတော် ထောက်ခံပွဲပြုလုပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ တွင် အင်အား ၂၆ဝဝ ခန့်ဖြင့် လည်းကောင်း၊စဉ့်ကိုင်မြို့တွင် အင်အား ၁၄ဝဝ ခန့်ဖြင့် လည်းကောင်း၊ မြစ်သားမြို့တွင် အင်အား၁၆ဝဝ ခန့်ဖြင့်လည်းကောင်း၊ သာစည်မြို့တွင် အင်အား ၂၅ဝဝ ခန့်ဖြင့် လည်းကောင်း၊နွားထိုးကြီးမြို့တွင် အင်အား ၃ဝဝဝ ခန့် ဖြင့် လည်းကောင်း၊ ငါန်းဇွန်မြို့တွင် အင်အား၅ဝဝဝ ဦးဖြင့် လည်းကောင်း၊ မတ္တရာမြို့တွင် အင်အား ၃၅ဝဝ ဦးဖြင့် လည်းကောင်း၊ ရမည်းသင်းမြို့တွင် အင်အား ၅၅ဝ ဦးဖြင့် လည်းကောင်း၊ ပျော်ဘွယ်မြို့တွင် အင်အား၉၂၅ ဦးခန့်ဖြင့်လည်းကောင်း၊ ရခိုင်ပြည် နယ်၊ အမ်းမြို့တွင် အင်အား ၁ဝဝဝ ဦးခန့် ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် အင်အား ၄၇ဝ ဦးခန့်ဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့တွင် အင်အား၇၅ဝ ဦးခန့်ဖြင့် လည်းကောင်း၊ ရေနီမြို့တွင်အင်အား ၅ဝဝ ဦးခန့်ဖြင့် လည်းကောင်း၊ အုတ်ဖိုမြို့တွင် အင်အား ၅ဝဝ ဦးခန့်ဖြင့် လည်းကောင်း၊ လက်ပံတန်းမြို့တွင် အင်အား ၂ဝဝဝ ဦးခန့်ဖြင့် လည်းကောင်း၊ ကျောက်တံခါးမြို့တွင် အင်အား ၁၅ဝဝ ဦး ခန့်ဖြင့် လည်းကောင်း အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ရာတွင် အမျိုး ဘာသာသာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊

ပြည်သူတို့၏ အကျိုးကို အမှန်ဖော်ဆောင် မည့်တပ်မတော်အား ထောက်ခံပါသည်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊စစ်မှန်သောဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်မည့် တပ်မတော်အား ထောက်ခံပါသည်၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ထောက်ခံပါသည်၊ ဥပဒေနှင့် အညီ အသစ်ဖွဲ့စည်းထားသည့့် UEC အားကြိုဆိုပါသည်၊ ထာဝရငြိမ်းချမ်းရေး အတွက် တပ်မတော်နှင့်   တိုင်းရင်းသားအားလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး စာသားပါဆိုင်းဘုတ် များအား ကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။

အများပြည်သူများ အနေဖြင့် တပ်မတော်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှု ဖြစ်စဉ်များ အပေါ်ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေးဆောင်ရွက်နေမှုများကိုအများပြည်သူများမှ ထောက်ခံသည့် ဆန္ဒ ဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။