မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ တွင် စတင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကြိုဆိုပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ တွင် စတင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကြိုဆိုပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၆

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား ကြိုဆိုပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အသစ်ခန့်အပ်ထားရှိသည့် ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအထက်တန်းကျောင်း များနှင့် အခြေခံပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင် ကြမည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စား မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းက ကျေးဇူးတင်စကားပြော ကြားပြီး အသစ်ခန့်အပ်ထားရှိသည့် ပညာရေးဝန်ထမ်းများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြောင်း သတင်း ရရှိသည်။