မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ တွင် စတင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကြိုဆိုပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ တွင် စတင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကြိုဆိုပွဲပြုလုပ်

နေပြည်တော်၊ မေ - ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ချိန်တွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများ တွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအထက်တန်းကျောင်း များနှင့် အခြေခံပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင် ကြမည့် ဆရာ၊ ဆရာမများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် သည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စား မန္တလေးတိုင်းဒေသကြီးပညာရေးမှူးက ကျေးဇူးတင်စကားပြောကြားပြီး ဆရာ၊ ဆရာမများက အကအလှများဖြင့် သီဆိုဖျော်ဖြေကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က သီဆိုဖျော်ဖြေပေးကြသော အဖွဲ့များအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။