နေပြည်တော်၊ ဧပြီ - ၂၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သာစည်မြို့နယ်နှင့် ပျော်ဘွယ်မြို့ နယ်များအတွင်း ဧပြီ ၁၉ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်များရှိ ကျေးရွာအချို့တွင် နေအိမ်များ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ သပိတ်ကျင်းမြို့နယ်၊ စပါယ်နဂိုကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၈၀ လုံး၊ ကျောက်ကွဲကျေးရွာရှိ ဓမ္မာရုံ ၁ လုံးနှင့် နေအိမ် ၁၅ လုံး၊ ညောင်ရမ်းကျေးရွာရှိ နေအိမ် ၅ လုံး၊ မှတ်တော်မူကျေးရွာရှိ နေအိမ် ၄ လုံး၊ ကျောက်ဖြူကျေးရွာရှိ နေအိမ် ၂ လုံး၊ တောင်လယ်ကျေးရွာရှိ နေအိမ် ၁ လုံး၊ ကျောက်ကြီးကျေးရွာရှိ နေအိမ် ၂ လုံး၊ ဓမ္မာရုံ ၁ လုံးနှင့် သီလရှင်ကျောင်း ၁ ကျောင်း၊ သာစည်မြို့နယ်၊ ညောင်ရမ်းကျေးရွာအုပ်စုရှိ နေအိမ် ၁၅၀ လုံးနှင့် ရှေးဟောင်း ရွှေမော်ဓော ဓမ္မာရုံ ၁ လုံး၊ ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာ ၂၄ ရွာမှ နေအိမ် ၁၉၂ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် အဆောက်အဦ ၁ လုံး၊ ရေစင် ၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာများ သို့ ဧပြီ ၁၉ ရက်နှင့် ယနေ့တို့တွင် နယ်မြေခံတပ်မတာ်သာများက သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။