မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

 
နေပြည်တော်၊ ဇွန် - ၁၅

 
မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ပြီး တိုင်းဒေသကြီးအတွင်း သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများနှင့် မူး ယစ်ဆေးဝါးများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။