မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ဈေးများဖွင့်လှစ်ခြင်းနှင့် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

 

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ဈေးများဖွင့်လှစ်ခြင်းနှင့် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

နေပြည်တော်၊ မတ် - ၂၁
    
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဃီြ လှုပ်ရှားမှုကို အခြေခံ၍ ဆူပူအကြမ်းဖက်မှုကို လိုလားသော အဖွဲ့အစည်းများနှင့် လူအုပ်စုအချို့သည် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်မှု များ ဆောင်ရွက်ခဲ့သည်။
    
ယခုအခါတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးတည်ငြိမ်မှုအပေါ် အခြေခံ၍ ဒေသတွင်း ဆေးရုံများ ဖွင့်လှစ်ခြင်း၊ မီးရထားခရီးစဉ်များ၊ လေကြောင်းလိုင်းများ၊ မော်တော်ယာဉ်အဝေးပြေးမြို့တွင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး၊ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေးများအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ မန်းမြို့သူ၊ မန်းမြို့သား များ၊ ဈေးရောင်း/ဈေးဝယ်များဖြင့် စည်ကားလျက်ရှိကြောင်းနှင့် Covid-19 သတ်မှတ်ချက် များနှင့်အညီ ဈေးဝယ်/ဈေးရောင်းများ လုံခြုံစိတ်ချစေရေး တာဝန်ရှိသူများမှ စီမံဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။