မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားများ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားများ သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၃ လမ်းနှင့် ၁၀၇ လမ်းထောင့်၌ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် အကြမ်းဖက် သမား ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ အနီးမှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည်ဆံ ၁၄ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ တောင်မြင့်ရပ်ကွက်၊ ရတနာပုံတက္ကသိုလ်မီးပွိုင့်အနီး ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်လုပ်မိုင်းအား ဆိုင်ကယ်တူးဘောက်စ် အတွင်းထည့်၍ မောင်းနှင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်ပြီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားတွင် ခန္ဓာကိုယ် အောက်ပိုင်းပြတ်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရ သည်။
အထက်ပါပေါက်ကွဲမှုဖြစ်စဉ်များမှ သေဆုံးသူများအား ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှု သေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။