မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ - ၉
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေး အမည်ခံ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်း ပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်းအချို့တွင် သိုဝှက် သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစားပြု လုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့် စုံစမ်းရှာဖွေဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလည်ကျေးရွာရှိ မဏိဇောတိက ဘုန်းတော် ကြီးကျောင်းဝန်းအတွင်း တရားမဝင် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားကြောင်း တာဝန်သိပြည်သူတို့၏ သတင်းပေးပို့မှုအရ ဒီဇင်ဘာ ၈ ရက်ညပိုင်းတွင် အဆိုပါ ကျောင်းအား သွားရောက်၍ ဖော်ထုတ်သိမ်းဆည်းမှုများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ရှာဖွေဖော်ထုတ်ခဲ့ရာတွင် အဆိုပါကျောင်းတိုက်ရှိ ဥူးအာစာရ (ဝါတော် ၄ ဝါ) (ခ) ဦးညီနိုင် ၃၉ နှစ်(ဘ) ဦးနတ်ပေါ် ၏ ထွက်ဆိုချက်အရ ဆွမ်းစားဆောင်အနောက် ဖက်တွင် မြေကြီးအတွင်းမြုပ်နှံထားသော KA သေနတ် ၂၀ လက်၊ ၎င်းကျည်အိမ် ၆၀ ခု၊ ၎င်းကျည် ၇၀၀၀ တောင့်၊ လက်ပစ်ဗုံး ၉၇ လုံး၊ အီနာဂါ ၅၄ လုံး၊ လျှပ်စစ်စနစ်တံ ၃၀၀ ချောင်း၊ ယမ်းမှုန့် ၁၅ ပိဿာခန့်၊ သေနတ်လွယ်ကြိုးနှင့် အီကွေးမန့် ၂၀ ခုစီတို့ အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့၌လည်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၅ X ၈၆ လမ်းကြားရှိ မြတောင်ဘုန်းကြီးကျောင်း တိုက်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များက တိုက်အုပ်ဆရာတော်ဘုရားထံခွင့်ပန်၍ ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်သမား ၁ ဦးနှင့် ရှော့တိုက်လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်း အကြီး ၄ လုံး၊ အကြမ်းဖက် ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ကျောင်းတိုက်ဝန်းအတွင်းရှိ ဦးဩဘာသကျောင်းအား ထပ်မံရှာဖွေဖော်ထုတ်ခဲ့ရာ Air Gun အတို ၁ လက်၊ လက်လုပ်မိုင်းအကြီး ၁၄ လုံး၊ အကြမ်းဖက်သမားများအား ထောက်ပံ့မည့် ငွေသားအချို့တို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ စက်တင်ဘာ ၁၃ ရက်တွင် အကြမ်းဖက်သမားများသည် CDM ဘဏ်ဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံ တင်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၅/၅)နေရာ၌ ယာဉ်ထိန်းရဲဝတ်စုံများ ဝတ်ဆင်ကာ ဘဏ်ငွေများအား ဓားပြတိုက်လုယက်ယူဆောင်ပြီး လက်နက်/ခဲယမ်းများနှင့်ငွေများအား ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ” သီလရှင် ကျောင်းတိုက်ရှိ ဒေါ်ဥပ္ပသမာ နှင့် ဒေါ်ဓမ္မစာရီ တို့ထံတွင် အပ်နှံခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖော်ထုတ်ဖမ်းဆီး ခဲ့ရသည်။
ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဂုံးညှင်းတန်းအုပ်စု၊ လဲလောင်းကျေးရွာအနီး ခြေတော်ရာဘုန်းကြီးကျောင်းအတွင်းမှ ဉူးပညာနန္ဒာ(ခ)ကြည်ညွန့် (၆၆)နှစ်အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်၊ အမ်-၁၆ ၁ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ၅ ဒသမ ၅၆ ကျည် ၉၆ တောင့်၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
နိုင်ငံတော်အား အလုံးစုံပျက်သုန်းရေးအတွက် အကြမ်းဖက်အုပ်စု ဖြစ်သည့် NUG နှင့် NUG ၏ စေခိုင်းချက်များအရ မြို့၊ ရွာများတွင် သက်ဆိုင်ရာ ဘာသာအလိုက် ရဟန်းသံဃာတော် အယောင်ဆောင်သူများ၊ဘာသာရေးဆရာတော်အယောင်ဆောင် သူများ၊ သံဃာတော်ကျောင်းတိုက်များနှင့် ဘာသာရေးကျောင်းများတွင် အကြမ်းဖက် ဖောက်ခွဲရေး ပစ္စည်းများသိုဝှက်သိမ်းဆည်းရန် ခုတုံးလုပ်သူများက ရည်ရွယ်ချက် ရှိစွာဖြင့် သက်ဆိုင်ရာ ဘာသာ၊ သာသနာအလိုက် ညှိုးနွမ်းပျက်စီး ပပျောက်ရေးကိုပါ ဦးတည်လုပ်ဆောင်လာမှုအပေါ် ကိုးကွယ်ယုံကြည်ရာ ဘာသာဝင်များအနေဖြင့် အသိတရား လက်ကိုင်ထားလျက် နိုင်ငံတော်အစိုးရ၏ ဓမ္မစက်၊ အာဏာစက်များဖြင့် ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်မှုများ၌ ဘာသာရေး အရေခြုံ အကြမ်းဖက် သမားများနှင့် အကြမ်းဖက်သတင်းများကို အချိန်မီနီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ကြရေး သက်ဆိုင်ရာမှ နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။