မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူ များအား တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာ မြို့နယ်နှင့် မလှိုင်မြို့နယ်များရှိ ဒေသခံပြည်သူများ၏ မျက်စိ ခွဲစိတ်ကုသရေးနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ပထမပတ်မှစ၍ အဆိုပါမြို့နယ်များသို့ သွားရောက်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ COVID-19 ရောဂါ မြန်မာနိုင်ငံတွင် ပထမလှိုင်းအဖြစ် မတ်လ နောက်ဆုံးပတ်တွင် စတင်ဖြစ်ပွားခဲ့သဖြင့် အဆိုပါဆေးကုသမှုလုပ်ငန်းများ အား ခေတ္တရပ်ဆိုင်းခဲ့ရသည်။
အဆိုပါရပ်ဆိုင်းထားသည့်ကာလအတွင်း COVID-19 ရောဂါ ဒုတိယလှိုင်းအဖြစ် သြဂုတ်လတွင် ထပ်မံဖြစ်ပွားလာခဲ့ရာ သွားလာမှုကန့်သတ်ချက် များရှိခြင်း၊ Saty Home နေထိုင်ရခြင်းများကြောင့် အဆိုပါ မြို့နယ်များရှိ ပြည်သူများအနေဖြင့် ဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ကုသရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်သို့ အကူအညီတောင်းခံ လာ ခြင်းကြောင့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က နွားထိုးကြီး မြို့နယ်နှင့် မြင်းခြံမြို့နယ်များရှိ ဒေသခံပြည်သူများအား ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားခဲ့သည်။
အဆိုပါ ဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိ စာသင်တိုက်၌ ဒေသခံပြည်သူ မျက်စိဝေဒနာရှင် ၃၂ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိဝေဒနာရှင် ၁၄ ဦးကို ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး အလည်ကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ်တစ်စီးပါဝင်ပြီး နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြားလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့် အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။