နေပြည်တော် မေ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးကို မလိုလားသူ အကြမ်းဖက်သမားများက CDM လှုပ်ရှားမှုကို အခြေခံ၍ ဒေသတွင်း တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး ပျက်ပြား စေရန် ဆူပူအကြမ်းဖက်မှုများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိသော်လည်း ဒေသခံပြည်သူ လူထုများအနေဖြင့် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများကို လိုလားမှုမရှိကြောင်း သိရှိရပြီး တည်ငြိမ်အေးချမ်းမှုများကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ ယနေ့တွင် ပြည်ကြီး တံခွန်မြို့နယ်၊ ၁၁၈ လမ်းနှင့် ၇၁ လမ်းထောင့်၌ လူစုလူဝေးပြုလုပ်ကာ ဆူပူဆန္ဒပြလျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုလူဝေးဖြိုခွဲရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ လူစုခွဲဆောင်ရွက်
ခဲ့ရာ ဆူပူဆန္ဒပြသူများ အနက်မှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၁ ဦးတို့အား လက်လုပ် သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ မီးပုလင်း ၂ ပုလင်း၊ ဒိုင်း ၂ ခု၊ ဆူပူဆန္ဒပြရာ တွင်အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါဖမ်းဆီး ထိန်းသိမ်းခံရသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ဆူပူဆန္ဒပြရာတွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။