မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးမီးရထားလမ်း တံတား အမှတ်(၆၉၁)အနီး သပြေတောင်းဘူတာနှင့် စမုံဘူတာကြား၌ ရထားလမ်းအား အကြမ်းဖက် လက်နက်ကိုင်အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါရထားသံလမ်း ၂ ပေခန့် ပျက်စီးခဲ့ကာ ရထားသွားလာမှုပြတ်တောက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမြန် ပြန်လည်ပြုပြင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။