မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူစုလူဝေးဖြင့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ရန် ပြုလုပ်
နေပြည်တော်၊ မတ်လ ၁၅
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့တွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော အရာရှိဦးစီးလုံခြုံရေးတပ်ဖွဲ့ဝင် (၈)ဦးသည် လက်နက်/ခဲယမ်း (၈)လက်နှင့်အတူ အရပ်ဝတ်ဝတ်ဆင်ကာ Light Truck ယာဉ်ဖြင့် မိုးကုတ်မြို့မှ စဉ့်ကူးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။
နေ့လည် ၁၁ နာရီကျော်ခန့်တွင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမရောက်မီ ရပ်တော်မူဘုရားရှေ့အရောက်တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၄၀၀ ဦးခန့်မှ တုတ်၊ ဓါးလက်နက်များ ကိုင်ဆောင်ကာ တပ်ဖွဲ့ဝင်များလိုက်ပါလာသော မော်တော်ယာဉ်အား တားဆီးပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ယာဉ်အားရပ်တန့်ထားခဲ့ပြီးတပ်ဖွဲ့ဝင်များသည် မန္တလေး-မိုးကုတ်ကားလမ်း အရှေ့ဘက် (၁)မိုင်ခန့်အကွာ တောင်ပေါ်သို့ တိမ်းရှောင်ခဲ့ရပါသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သောနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်း၍ သွားရောက်ရှာဖွေခဲ့ရာ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် တပ်ဖွဲ့ဝင် ၆ ဦးနှင့် ဒဏ်ရာရရှိတပ်ဖွဲ့ဝင် ၁ ဦး၊ စုစုပေါင်း ၇ ဦးအား ပြန်လည်တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ကျန်တပ်ဖွဲ့ဝင် ၁ ဦးအား ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထပ်မံတွေ့ရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ် ၂ လက်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သေစေနိုင်သည့် မောင်းပြန်ရိုင်ဖယ်များပါရှိသော်လည်း အကြောင်းမဲ့အကြမ်းဖက်လူရမ်းကားအုပ်စု၏အုပ်စုဖွဲ့ အကြမ်းဖက်မှုအပေါ် ပစ်ခတ်မှုမရှိဘဲ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဘေးကင်းရာအနီးတောင်ပေါ်သို့ ရှောင်ထွက်ပေးသော်လည်း အကြမ်းဖက် လူအုပ်စု အနေဖြင့် တောင်အောက်ခြေကိုင်းတောများအား မီးရှို့ခြင်းဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား အသက်သေဆုံးစေသည်အထိဖြစ်စေရန် ဦးတည်ကာအကြမ်းဖက် လုပ်ဆောင်လာခဲ့ သည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်ခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကယ်တင်ရန် သွားရောက်ကူညီခဲ့ရသည့် အခြားလုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် လူအုပ်စုအတွင်းပါဝင်သူ ချောင်းကြီးကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အကြမ်းဖက်ခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် Light Truck ယာဉ်မှာ ဆူပူအကြမ်းဖက်လူအုပ်စုမှ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ၍ ပျက်စီး ဆုံးရှုံးခဲ့ပါသည်။
လက်ရှိအချိန်ကာလတွင် နေရာအနှံ့အပြား၌ သာမန်ဆူပူမှုအသွင်မှ အကြောင်းမဲ့ အကြမ်းဖက်လူအုပ်စုဖြင့် သတ်ဖြတ်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးသည့် အကြမ်းဖက်အခြေအနေသို့ ဦးတည် လုပ်ဆောင်လာနေသဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အဖျက်အမှောင့် ဆောင်ရွက်နေသာ အကြမ်းဖက်အုပ်စုများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။