မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ် တို့၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ ဆက်ကပ်လှူဒါန်း

မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ် တို့၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ် တို့၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် ၄၃၅၆၅ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၅၃၈၀ ပါးတို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့ဉက္ကဋ္ဌ (ရွှေကျင်) ပတ္တမြားကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဇောတာဘိဝံသ အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူ ရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပတ္တမြားကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး မန္တလေးတိုင်းဒေသကြီး သံဃာ့မဟာနာယက အဖွဲ့ဉက္ကဋ္ဌ မစိုးရိတ်တိုက်သစ် ဓမ္မဂါရဝကျောင်း ဆရာတော် ဘဒ္ဒန္တတက္ခန္ဒြိယာဘိဝံသ ထံမှ အနုမောဒနာ တရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သတင်းရရှိသည်။