မန္တလေးမြို့၊ မြနန်းစံကျော်ရွှေနန်းတော်၌ လာရောက်လေ့လာသူများဖြင့် စည်ကား လျက်ရှိ

မန္တလေးမြို့၊ မြနန်းစံကျော်ရွှေနန်းတော်၌ လာရောက်လေ့လာသူများဖြင့် စည်ကား လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်၌ ကိုဗစ် ကာလစည်းကမ်းချက်များနှင့်အညီ ရပ်နီး/ရပ်နီးမှ လာရောက်လည်ပတ်လေ့လာသူများ ဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့လာရောက်လည်ပတ်လေ့လာသော ပြည်သူများ စိတ်အေးချမ်းသာမှုရှိစေ ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်းနှင့် လေ့လာသူများအနေဖြင့် မြနန်းစံကျော်ရွှေနန်းတော်အပါ အဝင် ကျောက်စာရုံ၊ ရှေးဟောင်းသမိုင်းဝင်အမြောက်များ ခင်းကျင်းပြသထားသည့် အမြောက်ပြတိုက်၊ မင်းတုန်းမင်းဂူဗိမာန် ပုံစံငယ်ပြတိုက်၊ ဒင်္ဂါးသွန်းစက်ရုံတို့ကိုပါ လေ့လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။