မန်စီးတီးအသင်းသို့ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေသည့်သတင်းများကိုငြင်းဆန်ပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့သာ ပြောင်းရွှေ့ ကစားရန် စီရော်နယ်ဒိုပြင်ဆင်လျက်ရှိ

မက်ဒရစ်၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုသည် ယခုရက်ပိုင်းအတွင်း ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည့် သတင်းများ ထွက်ပေါ် လာပြီးနောက် အစောပိုင်းက မန်စီးတီးအသင်းသို့ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ငြင်းဆန်ခဲ့ပြီး အသင်းဟောင်း ရီးယဲလ်မက်ဒရစ် အသင်းသို့သာပြောင်းရွှေ့ကစားရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ် သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး ဂျူဗင်တပ်စ် အသင်းကလည်း ၎င်းအတွက်မြင့်မားသည့်လုပ်ခလစာ ပေးချေနေရမှုနှင့်အတူ လာမည့်အပြောင်းအရွှေ့ ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် ရမည်ဖြစ်သည့်အတွက် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလမပြီးဆုံးမီမှာပင် ရောင်းချရန် ပြင်ဆင်လာ ခြင်းဖြစ်သည်။

အစောပိုင်းက စီရော်နယ်ဒို၏အေးဂျင့် ဂျော့မန် ဒက်ချ်သည် မန်ချက်စတာမြို့သို့လာရောက်ကာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ ကစားရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မန်ယူအသင်းပရိသတ်များက အပြင်းအထန်ဝေဖန် မှုများပြုလုပ်ခဲ့သည်။ သို့သော် စီရော်နယ်ဒိုကိုယ်တိုင် က မန်စီးတီးအသင်းသို့ပြောင်းရွှေ့ကစားရန် ဆွေးနွေးနေသည်ဟူသည့် သတင်းများကို ငြင်းဆိုခဲ့ပြီးနောက် အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းသို့သာ ပြန်လည်ပြောင်းရွှေ့ကစားရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည်လည်း လက်ရှိကစား သမားအပြောင်းအရွှေ့ကာလမတိုင်မီ နည်းပြအန်ဆယ်လော့တီက အသင်း တိုက်စစ်ပိုင်းကို အင်အားဖြည့် တင်းရန် တောင်းဆိုထားပြီး  ပီအက်စ်ဂျီအသင်းမှ တိုက်စစ်မှူး အမ်ဘတ်ပီကို မြင့်မားသည့်ပြောင်းရွှေ့  ကြေးတစ်ရပ်ဖြင့်ကမ်းလှမ်းရန်  ပြင်ဆင်နေခြင်းဖြစ်သည်။  သို့သော် ပီအက်စ်ဂျီအသင်းကလည်း   အမ်ဘတ်ပီကို မရောင်းချလိုသည့် အခြေအနေများကြောင့် လက်ရှိကစားသမားအပြောင်းအရွှေ့ကာလမပြီးဆုံးမီ အပြောင်းအရွှေ့ဖြစ်မြောက်ရန်  ခက်ခဲလာနိုင်သည့် အခြေအနေများ၌    နည်းပြအန်ဆယ်လော့တီက တစ်ချိန်က အသင်းတွင်လက်တွဲခဲ့ဖူးသည့် စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တခြားတစ်ဖက်တွင်လည်း မန်စီးတီးအသင်းက ဟယ်ရီကိန်းကိုမခေါ်ယူနိုင်ပါက စီရော်နယ်ဒိုကို ခေါ်ယူဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း စီရော်နယ်ဒိုအနေဖြင့် အသင်းဟောင်း မန်ယူအသင်းနှင့်မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းထံပြောင်းရွှေ့ခဲ့လျှင်   မန်ယူအသင်းပရိသတ်များ၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိလာနိုင်သည့်အတွက် တစ်ချိန်က အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် ရီးယဲလ် မက်ဒရစ်အသင်းသို့သာ ပြောင်းရွှေ့ကစားဖွယ်ရှိနေပြီး ဂျူဗင်တပ်စ်အသင်းကလည်း စတာလင်ပေါင် ၂၆ သန်းရရှိလျှင် ရောင်းချဖွယ်ရှိကြောင်း သိရသည်။

Ref;90Min