မန်ယူမှထွက်ခွာပြီး ရီးယဲလ်တွင် ကစားလိုသည်ဟု မကြာခဏ ဖွင့်ပြောခဲ့သည့် ပြင်သစ်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာသည် ယခုလည်း ပြင်သစ်နှင့်နိုင်ငံတကာပွဲများ ကစားရန် ရောက်ရှိနေစဉ် ရီးယဲလ်တွင် ကစားခွင့်ရရေးသည် ၎င်း၏အိပ်မက်ဖြစ်ကြောင်းနှင့် မန်ယူနှင့်စာချုပ်သက်တမ်း ၁၀လသာ ကျန်တော့ချိန် အသင်းအမှုဆောင်ချုပ် ဝုဒ်ဝပ်နှင့် စာချုပ်သစ်ကိစ္စ တွေ့ဆုံဆွေးနွေးခြင်း လုံးဝမရှိသေးကြောင်း ပြောသည်။
ပြီးခဲ့သည့် နှစ်ကတည်းက ပေါ့ဂ်ဘာ၏ အေးဂျင့်ရွိုင်အိုလာက မိမိကစားသမားသည် ရည်မှန်းချက်ပန်းတိုင်ပျောက်နေ သည့် မန်ယူမှထွက်ခွာပြီး ရီးယဲလ်သို့ပြောင်းလိုနေသည်ဟု လူသိရှင်ကြား ပြောခဲ့သေးသည်။ ယခုလည်း ပေါ့ဂ်ဘာက ဘောလုံးသမားတိုင်း ရီးယဲလ်မှာကစားချင်တဲ့ အိပ်မက်ရှိကြတာပဲ။ ကျွန်တော့်အိပ်မက်ကလည်းဒါပဲ။ တစ်နေ့မှာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ လက်ရှိမှာ ကျွန်တော်က မန်ယူကစားသမား။ မန်ယူကိုချစ်တယ်။ မန်ယူမှာပျော်နေတယ်။ အကောင်း ဆုံးခြေစွမ်းပြကစားပေးဖို့ အမြဲကြိုးစားတယ်ဟု ပြောသည်။
Ref:Dailymail