မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

 

နေပြည်တော်၊ ဇန်နဝါရီ - ၇

 
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာ ဆေက ဝတီဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိနယာလင်္ကာရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြ ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆေက ဝတီဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်ထံမှ ရှစ်ပါးသီလနှင့် ဩဝါဒကထာများနာယူကြကာ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝကြပြီး သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။