မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅)သိန်းရောက်ရှိ

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅)သိန်းရောက်ရှိ

နေပြည်တော်၊ ဧပြီ - ၂၀

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနှံနိုင် သည့် Astrazeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅)သိန်းသည် ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ မလေးရှားလေကြောင်းလိုင်း ကုန်တင်ယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
အဆိုပါ ရန်ကုန်မြို့သို့ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Astrazeneca များကို Malaysia-Myanmar Business Clamber(MMBC)မှ ဉက္ကဋ္ဌဖြစ်သူ Ms. Loi Jin Choo ၊ မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံးမှ Counsellor ဖြစ်သူ Mr.Muhammad Syukri Bin Azmi နှင့်တာဝန်ရှိသူတို့က ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာထွန်းမင်းနှင့် တာ၀န်ရှိသူတို့ ထံလွှဲပြောင်းပေးအပ်သည်။ ထို့နောက် ၎င်းဆေးများအား မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းသို့ အအေးလမ်းကြောင်း မပြတ် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးသည်။
အထက်ပါ Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား တိုင်းဒေသကြီး နှင့်ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ)နှင့်မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေး လမ်းကြောင်းမပြတ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် ဦးတည်အုပ်စုအလိုက် ပြည့်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။