မဟာဂန္ထဝါစကပဏ္ဏိတ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် စစ်တွေမြို့နယ် သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

မဟာဂန္ထဝါစကပဏ္ဏိတ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် စစ်တွေမြို့နယ် သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၇

နိုင်ငံတော်အစိုးရမှ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ မဟာဂန္ထဝါစက ပဏ္ဏိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ်၊ သံဃနာယကအဖွဲ့တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏာရာမပရိယတ္တိစာသင် တိုက် ပဓာနနာယက ဆရာတော် သာသနဓဇ ဓမ္မစရိယ ဂန္ထဝါစကပဏ္ဏိတ မဟာ ဂန္ထဝါစကပဏ္ဏိတ ဘဒ္ဒန္တမေဃိယအား ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသိရီ အမှူး ပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များနာယူကြည်ညိုကြသည်။ ထို့နောက် မဟာဂန္ထဝါစက ပဏ္ဏိတ ဘွဲ့တံဆိပ် တော်ရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော် ဆောင် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အား ဂုဏ်ပြုပူဇော်သည့် ဂုဏ်ပြုထောပနာစာတမ်းကို နတ်ထိပ်ကျောင်းဆရာတော် ဘဒ္ဒန္တတေဇဝန္တက ဖတ်ကြားပူဇော်ပြီး ဂုဏ်ပြုပူဇော်သည့် ရတုပိုဒ်စုံကို ဒက္ခိဏာ ရာမပရိယတ္တိစာသင်တိုက် သိရီသုမနာဝတ်အသင်းမှ ဖတ်ကြားပူဇော်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အား မဟာဂန္ထ ဝါစကပဏ္ဏိတ ဘွဲ့တံဆိပ်တော်၊ ထပ်ဆင့်ဂုဏ်ပြုလွှာနှင့် ဂုဏပူဇာ အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောမထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။