နေပြည်တော် မတ် ၁၇
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ဖြင့်ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအားပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင်လည်း မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာနေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေး ချမ်းသာယာမှုရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကိုပြည့်ဝစွာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ည မပြတ် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(၁၀၀)