မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  မေ  ၇

မတရားအသင်းကြေညာထားသော NUG အမည်ခံပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေး လွှတ်တော် ကော်မတီတို့၏ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများ ပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက် နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ လုံခြုံရေးအား နေ့ညမပြတ်ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက်  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ   မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးတာဝန်များကို ဆက်လက် ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

(၁၀၀)