မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်း သာယာမှု ရှိစေရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဇွန်   ၈

အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေး လွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့     ပြည့်ဝစွာ ရရှိစေရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ    တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ   မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့်   လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ဆက်လက် ထမ်းဆောင် ပေးသွားမည်ဖြစ်ကြောင်း  သတင်း ရရှိသည်။