မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်း သာယာမှု ရှိစေရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  ဧပြီ  ၅

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်  ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေး အား  နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်း သာယာစွာနေထိုင်နိုင်စေရေး၊ ရပ်ရွာအေးချမ်း သာယာမှု ရှိစေရေးတို့အတွက်  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက  နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ဆက်လက် ထမ်းဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။