မိုင်းခတ်မြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်  ဇွန်  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် အတွင်းရှိ   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်   ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်  အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် မိုင်းခတ်တပ်နယ် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးက လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက်ပေးကာ သွပ်၊ ဘိလပ်မြေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။