နေပြည်တော်၊ ဧပြီ - ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရာ၌ ပူးပေါင်းပါဝင် ဆောင်ရွက်သူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ပြုလုပ်ရာ မိုင်းဆတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ရာ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရာ၌ ပူးပေါင်းပါဝင် ဆောင်ရွက်သူများက အသီးသီး လက်ခံ ရယူပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။