မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ်ဆောင် ဖွင့်လှစ်

မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ်ဆောင် ဖွင့်လှစ်

 

နေပြည်တော်၊ စက်တင်ဘာ - ၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်းပါ တိုးချဲ့ (၂)ထပ်ဆောင် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီးများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ဒေသခံတိုင်းရင်းသားပြည်သူ များကိုယ်စား ရပ်မိ၊ ရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုးချဲ့(၂)ထပ်ဆောင်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဆေးရုံ သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။