မိုင်းတုံမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့်စားသောက် ဖွယ်ရာများ ချီးမြှင့်ပေးအပ်

မိုင်းတုံမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့်စားသောက် ဖွယ်ရာများ ချီးမြှင့်ပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ - ၇

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။