မိုင်းယောင်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံအတွက် Oxygen Concertrator ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များလှူဒါန်း၊ အမ်းမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှု အခြေအနေ များအားကြည့်ရှု

မိုင်းယောင်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံအတွက် Oxygen Concertrator ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များလှူဒါန်း၊ အမ်းမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှု အခြေအနေ များအားကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ - ၇

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် Oxygen Concertrator ၁ လုံး၊ ပိုးသတ်ဆေး 20 လီတာ ၂ ပုံး၊ Mask ၁၀၀၀၀ ခု၊ PPE ဝတ်စုံ ၁၅ စုံနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင် ပြည်နယ်၊ အမ်းမြို့၊ အေးရိပ်သာဘုန်းတော်ကြီးကျောင်း၌ တည်ဆောက် ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံ စတင်စမ်းသပ်လည်ပတ်နေမှုအခြေအနေများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။