မိုင်းရှူးမြို့၊ ရှုခင်းသာတောင်တော်ရှိ အရဟံစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ပြုလုပ်

 

နေပြည်တော်၊ ဧပြီ - ၂၆

 
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့၊ ရှုခင်းသာတောင်တော်၌ တည်ထားကိုး ကွယ်တော်မူသော အရဟံစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ၌ ပြုလုပ်ရာ မိုင်းရှူးမြို့၊ ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဘိက္ခု နှင့် မိုင်းရှူးမြို့၊ မြို့လယ်ဘုရားကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဝိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃဝန် ဆောင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ကထိကဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိဇယာဘိပါလ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဓမ္မရောင်ခြည် ကျောင်းတိုက် ဆရာတော်ထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့် ဆင့်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်က မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

 
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင် လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒ ထံမှ အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူ မြတ်များနှင့် တက်ရောက်လာကြသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော်ကြပြီး မင်္ဂလာရထား ပျံဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကာ အမွှေးနံ့သာရည်များပက်ဖျန်းကာ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဘိသိက်သွန်းတော်မူကြ သည်။

 
၎င်းနောက် တိုင်းမှူနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။