မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်
နေပြည်တော်၊ ဇူလိုင် - ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများရှိ ဒေသခံတိုင်းရင်း သားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် အဆိုပါဒေသများရှိ ခန်းမအသီးသီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ အသီးသီးပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။
၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒေသခံတိုင်းရင်းသားပြည်သူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။