နေပြည်တော်၊ ဇွန် - ၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း၌ မန္တလေးမြို့ဘက်မှ တနိုင်းမြို့သို့ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အင်ဂျင်ဝိုင်ပေပါများ တင်ဆောင် ထွက်ခွာလာသည့် မော်တော်ယာဉ် တစ်စီးအား KIA အဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ဘက်မှ တနိုင်းမြို့သို့ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အင်ဂျင်ဝိုင်ပေပါများ တင်ဆောင်ပြီး ထွက်ခွာလာသည့် ဦးမြင့်နိုင်ထွန်း(ဘ)ဦးဘိုကာ မောင်းနှင်ပြီး သားဖြစ်သူ မောင်ထွန်းလင်းခန့်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ ရဲထက်(ဘ)ဦးရဲဝင်း လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ MDY- 9B/--— မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ ခန့်တွင် မိုးညှင်းမြို့နယ်၊ နန့်ခမ်းရွာနှင့် နမ္မားကြီးတံတားအကြားသို့အရောက်၌ KIA အဖွဲ့က မိုင်း ၁ လုံးဖောက်ခွဲခဲ့ပြီး မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် မော်တော်ယာဉ်ကိုယ်ထည်၊ ရှေ့လေကာမှန်၊ တံခါးမှန်များနှင့် ကားဘီးများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ လုပ်ဆောင်မှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင် ကြုံတွေ့လာရနိုင်သဖြင့် အဆိုပါလုပ်ရပ်အပေါ် ဒေသခံပြည်သူများက ရွံရှာစက်ဆုပ် လျက်ရှိကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။