မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာ၌ ပြုလုပ်သည့် စိုက်ပျိုး ရေးကွင်းသစ် ဖွင့်ပွဲကျင်းပ

မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာ၌ ပြုလုပ်သည့် စိုက်ပျိုး ရေးကွင်းသစ် ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ ၇ ရက်

             ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာ ၌ပြုလုပ် သည့် စိုက်ပျိုးရေးကွင်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလုံစံကျေးရွာ၊ စိုက်ပျိုးရေးကွင်းသစ်၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။

             ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက စိုက်ပျိုးရေးကွင်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေပြီး တိုင်းမှူးက စိုက်ပျိုးမြေများဖော်ထုတ်ခြင်းနှင့်  စိုက်ပျိုးရေးကွင်းသစ် များဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားများပြောကြားသည်။

             ထို့နောက် တာဝန်ရှိသူတစ်ဦးက  ဒေသခံတောင်သူများအား ဒေသနှင့်ကိုက်ညီ သော စိုက်ပျိုးရေးနည်းစနစ်များအား ရှင်းလင်း ပြောကြားသည်။

             ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံစိုက်ပျိုးရေးတောင်သူများအား မြေပဲမျိုးစေ့နှင့်မြေဩဇာများကို အသီးသီးထောက်ပံ့ ပေးအပ်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးကွင်းသစ် အတွင်း နေကြာပင်၊ ပြောင်းပင်များ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှု၍ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြပြီး တောင်သူများ၏ လိုအပ်ချက်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

             အဆိုပါ လုံစံကျေးရွာရှိ စိုက်ပျိုးရေးကွင်းသစ်တွင် ပြောင်း ၁၈၆.၈၅ ဧက၊ နေကြာ ၉၇.၄၈ ဧက၊ ပဲပုတ် ၄၃.၇၁ ဧက၊ နှမ်း ၁၆.၅၄ ဧကတို့ကို စိုက်ပျိုးထားရှိပြီး ၁၃၀.၃၄ ဧကအား ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နေကြာအား ဆက်လက်စိုက်ပျိုးရန် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။