မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျပြီး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည့် တောင်ကြီးမြို့နယ်၊ တောင်ကြီး-ရွှေညောင်သွားကားလမ်း၌ လမ်းရှင်းလင်းရေးလုပ် ငန်းများ ဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ - ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီး-ရွှေညောင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၁၂ / ၂ )တွင် သစ်ပင်ကြီးများလဲကျခဲ့ပြီး မိုင်တိုင်အမှတ် (၁၁၁/ ၅)တွင် တောင်ကမ်းပါးယံရှိ မြေကြီးများပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာန မှ တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ ပိတ်ဆို့နေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုကျခဲ့သောမြေသားများအား ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သဖြင့် အများပြည်သူများ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။