မုံရွာမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်

မုံရွာမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များက တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအတွက် ငါးခြောက်၊ ကြက်ဉ၊ ခေါက်ဆွဲခြောက်စသည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။