နေပြည်တော်၊ မေ - ၁၈
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအား မေ ၁၇ ရက်ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက်သူများ၏ မီးရှို့မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီး၊ ရေသယ် ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ကွန်ပျူတာဆောင် မျက်နှာကျက်များ မီးလောင်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အပူတပြင်း လိုက်လံစုံစမ်းရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။