မောင်တောခရိုင်၊ ပြည်သူ့ဆေးရုံ၌ ထားရှိအသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲခန်း မော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေး

မောင်တောခရိုင်၊ ပြည်သူ့ဆေးရုံ၌ ထားရှိအသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲခန်း မော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် - ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ပြည်သူ့ဆေးရုံ၌ ထားရှိအသုံးပြုမည့် ကျန်းမာ ရေးဝန်ကြီးဌာနမှပေးပို့သော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ RT-PCR စနစ်ဖြင့် စစ်ဆေးဓာတ်ခွဲစမ်းသပ်မည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲခန်းမော်တော်ယာဉ်အား တပ်မတော်ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ဇူလိုင် ၂၄ ရက်တွင် သယ်ဆောင်လာခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)သို့ ရောက်ရှိ လာသည်။
အဆိုပါ ဓာတ်ခွဲခန်းမော်တော်ယာဉ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူ ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် သွားရောက်ကြည့်ရှုကြရာ စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင် နှင့် တာဝန်ရှိသူများက ယာဉ်ပေါ်တွင်တပ်ဆင်ထားသည့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစစ်ဆေး ရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံးပစ္စည်း ကိရိယာများနှင့်ပတ်သက်၍ ရှင်းလင်း ပြသကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က မောင်တောခရိုင် ပြည်သူ့ ဆေးရုံသို့ ဆက်လက်ပို့ဆောင်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။