ရေး ဒီဇင်ဘာ ၅
မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါ်ကျေးရွာ ရေး-မော်လမြိုင် ကားလမ်း၌ ဒီဇင်ဘာ ၄ ရက် ည ၁၁ နာရီတွင် မော်တော်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက တစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ် ရေးမြို့နယ် ဝယ်ပေါ်ကျေးရွာ ရေး-မော်လမြိုင် ကားလမ်း Ready စက်သုံးဆီဆိုင် အရှေ့၌ ရေးမြို့ရန်ကြီးအောင်ရပ်ကွက် ဘုရင့်နောင်လမ်းနေ ဦးအောင်ဇော်မွန် ၄၂ နှစ် မောင်းနှင်လာသည့် Honda 125 Click အမျိုးအစား အနီရောင် နံပါတ်မပါဆိုင်ကယ်အား ရေးမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော ယာဉ်အမျိုးအစား၊ ယာဉ်မောင်း(စုံစမ်းဆဲ)မှ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိပြီး အဆိုပါယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားသည်။
ယာဉ်တိုက်မှုကြောင့် ဦးအောင်ဇော်မွန်တွင် နားထင်ပွန်းခြစ်၊ ဒူးနှင့် တံတောင်ပွန်းခြစ်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း(စုံစမ်းဆဲ)အား ရေးမြို့မရဲစခန်းက ယာဉ်(ပ)၃၆/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄(က)/၂ဝ၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။