မော်တော်ယာဉ်များ ဘီးပေါက်စေရန် ရည်ရွယ်၍ ပြုလုပ်ထားသော အတားအဆီးများအား ဖယ်ရှား၊ သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိ

 

မော်တော်ယာဉ်များ ဘီးပေါက်စေရန် ရည်ရွယ်၍ ပြုလုပ်ထားသော အတားအဆီးများအား ဖယ်ရှား၊ သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၃
    
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ ပတ်ကင်းများ ဆောင်ရွက်စဉ် မတ် ၂၂ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်-ပြည် လမ်းမကြီး၌ မော်တော်ယာဉ်များ ဘီးပေါက်စေရန် ရည်ရွယ်၍ အလျား ၁၂ လက်မ၊ အနံ ၂ လက်မခန့်ရှိ အဖြူရောင်ကော်ပြားတွင် သွပ်ရိုက်သံ ၃ ချောင်း ရိုက်ထားပြီး ပလပ်စတစ် အိတ်အမဲဖြင့် ဖုံးအုပ်ထားသည့် အထုပ် ၁ ထုပ်အား စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အများပြည်သူ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖယ်ရှားရှင်းလင်းပေးခဲ့သည်။
    
ထို့နောက် အနီးပတ်ဝန်းကျင်အား စစ်ဆေးရှာဖွေခဲ့ရာTHE PREMIUM Cafe & Food Center    ဆိုင်အတွင်း၌ လမ်းမကြီးပေါ်၌ ဖယ်ရှားရှင်းလင်းခဲ့သည့် အတားအဆီး နှင့် ပုံစံတူပစ္စည်း ၅ ခုအား တွေ့ရှိခဲ့ရပြီး ၎င်းင်းဆိုင်တွင် စားပွဲထိုးလုပ်ကိုင်ဆောင်ရွက်နေသူ များအနက် သံသယရှိဖွယ် စိုင်းကိုကို(ဘ)ဦးသန်းဝင်း ကို ထိန်းသိမ်းရမိခဲ့ကြောင်းနှင့် လိုအပ်သည် များ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။