မော်လမြိုင်တပ်နယ်ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးများအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ ဇူလိုင် - ၆

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက်ကလေးများအား ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ပြုလုပ်သည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ် ၈၃ ဦးတို့ကို ဝက်သက်၊ ဂျုက်သိုးရောဂါ၊ ပြင်းထန် အဆုတ်ရောင်ရောဂါ ပိုလီယိုအကြောသေရောဂါ၊ အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးနှင့် ၅ မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။