မော်လမြိုင်မြို့တွင် “ မြန်မာ့အီးဗီခရီးအစနှင့် ရွှေရောင်မွန်ပြည်နယ်အနာဂတ်”  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

မော်လမြိုင်မြို့တွင် “ မြန်မာ့အီးဗီခရီးအစနှင့် ရွှေရောင်မွန်ပြည်နယ်အနာဂတ်”  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၁

          မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်၊ Royal Mawlamyine Hotel ၌ ပြုလုပ်သည့် EV Myanmar Group နှင့် Shwe State Engineering Co.Ltd တို့ ပူးပေါင်းကျင်းပသော    “မြန်မာ့အီးဗီခရီးအစနှင့် ရွှေရောင်မွန်ပြည်နယ် အနာဂတ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအား ယနေ့ညနေပိုင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ EV Myanmar Group Founder မှ ဦးကျော်ကျော်ထွန်းမှ စွမ်းအင်သုံး မော်‌တော်ယာဉ်များနှင့် လျှပ်စစ်အားသွင်း (EV) မော်တော်ယာဉ်များ၏ အားနည်းချက်/ အားသာချက်များ၊ ၂၀၃၀-၂၀၃၅ ခုနှစ်တွင် တစ်ကမ္ဘာလုံး လျှပ်စစ်သုံး မော်တော်ကားများ အသုံးပြုနိုင်ရေးနှင့် ပတ်သက်သည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူ များမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးကျော်ကျော်ထွန်းမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။