မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား သွားရောက် ဖူးမြော်ကြည်ညို

နေပြည်တော်၊  ဖေဖော်ဝါရီ - ၇

   

COVID-19  ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် လှူဒါန်းလျက်ရှိသည်။

   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များအား  ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သာသနာရေး ဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထားတင်ပြကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

   

အလားတူ ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် နှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်ရှိ ဓမ္မသုခ ကျောင်းတိုက်၊ ပဓာန နာယကဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ဝဏ္ဏိတအား  သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သာသနာရေးဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထားတင်ပြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

   

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် အဖွဲ့ဝင်များသည် မင်္ဂလာဂူဝိပဿ နာစာသင်တိုက် ပဓာနနာယက ဆရာတော် ဓမ္မာစရိယ ဘဒ္ဒန္တ စန္ဒာသီရိအား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။