မော်လမြိုင်မြို့နှင့် ပြည်မြို့တို့ရှိ တပ်မတော်ဆေးရုံများနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း တို့၌ တက်ရောက် ကုသမှုခံယူနေသူ များအား ကြည့်ရှုအားပေး၊

မော်လမြိုင်မြို့နှင့် ပြည်မြို့တို့ရှိ တပ်မတော်ဆေးရုံများနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း တို့၌ တက်ရောက် ကုသမှုခံယူနေသူ များအား ကြည့်ရှုအားပေး၊

နေပြည်တော်၊ နိုဝင်ဘာ - ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တပ်မတော် ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။