၁။ တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား လေးကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ စိစစ်တွေ့ရှိချက်များသည် သာမန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့် အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ပါသည်။ ရရှိသည့် မဲစာရင်းကို အခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
၂။ ထပ်မံစိစစ်ပြီးသည့် (၇)မြို့နယ်၏ စိစစ်တွေ့ရှိချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၃။ စိစစ်တွေ့ရှိချက် အသေးစိတ်စာရင်းအား တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ Website နှင့် Facebook Page တို့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး စိစစ်ဆဲဖြစ်သည့် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့