မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အား လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခဲ့ သည့် အကြမ်းဖက်သူ ၁ ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ မေ - ၈
    
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်အား မေ ၇ ရက် နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်သူ ၄ ဦးခန့်က မော်တော် ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားသဖြင့် အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ဖြင့်လိုက်လံဖမ်းဆီးစဉ် အကြမ်းဖက်သူများက လက်လုပ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူးတွင် ဒဏ်ရာရရှိခဲ့ပြီး မြင်းခြံမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် အကြမ်းဖက်သူ ၄ ဦးအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ထပ်ကြပ် လိုက်လံရှာဖွေခဲ့ရာ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် လယ်သစ်ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်းအတွင်း၌ ထွက်ပြေးနေသူ အကြမ်းဖက်သူ ၁ ဦးအား တွေ့ရှိ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန်နှင့် ဉပဒေအားလေးစားလိုက်နာရန် ပြောကြားစဉ် အကြမ်းဖက်သူက ရပ်တန့်ခြင်းမရှိသည့်အပြင် လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ကြိုးပမ်းလာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ ပြီး မြင်းခြံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ရရှိဒဏ်ရာဖြင့် သေဆုံး သွားခဲ့သည်။

အဆိုပါ သေဆုံးခဲ့သည့် အကြမ်းဖက်သူသည် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ နေ အောင်ထက်ပိုင်(ခ)ဖိုးချစ် (၁၇)နှစ် (ဘ)ဦးအောင်မျိုးဝင်း ဖြစ်ပြီး ၎င်းထံမှ ဓားရှည် ၁ ချောင်းနှင့် ဒေသန္တရလက်လုပ်မိုင်း ၂ လုံးအား သိမ်းဆည်းရမိခဲ့ကာ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် အကြမ်းဖက်သူများအား အမြန်ဆုံး ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။