မြစ်ကြီးနားမြို့တက္ကသိုလ်၊ ဝိုင်းမော်မြို့ရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော် မြတ်ကြီးနှင့် ကလေးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတို့၌ ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်

မြစ်ကြီးနားမြို့တက္ကသိုလ်၊ ဝိုင်းမော်မြို့ရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော် မြတ်ကြီးနှင့် ကလေးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတို့၌ ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်နှင့် ဝိုင်းမော်မြို့နယ်ရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊ ကံဘဲ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်း၊ စာသင်ဆောင်များအတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြ သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။