မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၇

 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။
၎င်းနောက် နှစ်ပတ်လည်အစည်းအဝေးကို အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။