မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီ တော်မြတ်ကြီး ရွှေသားရွှေစင် သင်္ကန်းတော်ကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း များ ပြီးစီးအောင်မြင်ခြင်းအလှူ ရေစက်ချနှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ ပြုလုပ်

မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီ တော်မြတ်ကြီး ရွှေသားရွှေစင် သင်္ကန်းတော်ကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း များ ပြီးစီးအောင်မြင်ခြင်းအလှူ ရေစက်ချနှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ ပြုလုပ်

 
နေပြည်တော်၊ မေ - ၁၄

 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်း သမိုင်းဝင် အောင်တော်မူသကျမာရဇိန်အံတော်ရှင်စေတီတော်မြတ်ကြီးအား ရွှေသားရွှေစင် သင်္ကန်းတော်ကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ ပြီးစီးအောင်မြင်ခြင်းအလှူ ရေစက်ချနှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာကို ယနေ့တွင် ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ အောင်နန်းမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တအာဒိစ္စအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစ်ကြီးနား မြို့၊ ဓမ္ဓရက္ခိတ ဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ပြည်နယ်သံဃ နာယက အကျိုးတော်ဆောင် ဘဒ္ဒန္တကေတုမာလ ထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေထီးတော်ဘုံအဆင့်ဆင့်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြ သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစ်ကြီးနားမြို့၊ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် ပဓာနနာယက ဆရာတော် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဒေါက်တာ ဘဒ္ဒန္တဉာဏဓဇသဒ္ဓမ ဇောတိကဓဇ ထံမှ အနုမောဒနာတရားနာယူကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေထီးတော်ဘုံအဆင့်ဆင့် တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်သို့ ပင့်ဆောင် တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။