မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန်အံတော်ရှင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန်အံတော်ရှင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

နေပြည်တော်၊ မေ- ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန်အံတော်ရှင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း နှင့် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဟိတေသိတ အမှူးပြုသော ပြည်နယ်၊ မြို့နယ် သံဃနာယက အဖွဲ့ဝင်(သုဓမ္မာ/ရွှေကျင်)ဆရာတော်များ၊ ကျောင်းထိုင် ဆရာတော်များ၊ ကျောင်းတိုက်အသီးသီးရှိ ပင့်သံဃာများနှင့် သီလရှင်များ ကြွရောက် တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါစေတီတော်မြတ်ကြီးအား ဆွမ်း၊ ခဲဖွယ်၊ ပန်း၊ နံ့သာ၊ ဆီမီးတို့ကို လှူဒါန်းပူဇော်ကြပြီး သံဃာတော် ၁၀၈ ပါးက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပင့်သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် အပါး ၃၆၀ တို့ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်လက် လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။