နေပြည်တော် ဧပြီ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (မြစ်ကြီးနား) ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (မြစ်ကြီးနား)၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်များ၊ အခန်းသော့များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစု များအား လိုက်လံနှုတ်ဆက်ကာ အိမ်ရာ၌ ရွှေနဂါးဖယောင်းတိုင် ထုတ်လုပ်နေမှုအား ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။