မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်ရှိ ဂေါက်ကွင်းလမ်းနှင့် ရမ်ပူရပ်ကွက်ရှိ မာမက လမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ နိုဝင်ဘာ - ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်ရှိ ဂေါက်ကွင်းလမ်းနှင့် ရမ်ပူရပ်ကွက်ရှိ မာမကလမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂေါက်ကွင်း လမ်းနှင့် မာမကလမ်းကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဆိုပါကတ္တရာလမ်း သစ်အား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ဂေါက်ကွင်းလမ်းမှာ ပြည်ထောင်စုလမ်းမကြီးမှ ဂေါက်ကွင်းရှေ့ထိ အရှည်ပေ ၃၀၀၀နှင့် အကျယ်ပေ ၂၀ ရှိပြီး သဲကျောက်ဖြင့် လမ်းသားမြှင့်တင်ခင်း၍ ကတ္တရာလမ်းခင်းခြင်းဖြစ်ကာ ကွန်ကရစ်တံတား ၂ စင်း တည်ဆောက် ထားခြင်း ဖြစ်သည်။ မာမကလမ်းမှာ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ မဟာဗန္ဓုလလမ်းမှ ဂေါက်ကွင်းသွားလမ်းထိ အရှည်ပေ ၄၇၀၀နှင့် အကျယ် ၁၈ ပေရှိပြီး ကတ္တရာ လမ်းခင်းဖြစ်ကာ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။